Hotline: +95 9 752 818542 (MDY), +95 9 943 218542 (YGN)

လူသိနည်းတဲ့ရောဂါ (သို့မဟုတ်) ပြန်ရည်ကျိတ်ကင်ဆာ[Lymphoma]

လူသိနည်းတဲ့ရောဂါ (သို့မဟုတ်) ပြန်ရည်ကျိတ်ကင်ဆာ[Lymphoma]

(၁) Lymphoma ဆိုတာ ဘာလဲ

သွေးအကျိတ် ကင်ဆာ လို့ ခေါ်တဲ့ ပြန်ရည်ကျိတ်ကင်ဆာကို ဆေးပညာအရ Lymphoma လို့ခေါ်ပါတယ်။Lymphoma ဟာ ခန္ဓာကိုယ်ရဲ့ အဓိက ခုခံအားစနစ်ဖြစ်သော ပြန်ရည်ကြော စနစ်ကိုထိခိုက်စေတဲ့ ကင်ဆာအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

(၂)Lymphoma ဘာကြောင့် ဖြစ်သလဲ

Lymphoma ဖြစ်စေတဲ့ အကြောင်းအရင်းကို တိကျစွာ မပြောနိုင်သော်လည်း အများအားဖြင့် HIV,HTLV-1,HHV8,Epstein Barr Virus စတဲ့ ရောဂါပိုးရှိသူများတွင် အများဆုံး အဖြစ်များတာကို တွေ့ရပါတယ်။

(၃)Lymphoma အမျိုးအစား ဘယ်နှစ်မျိုး ရှိသလဲ

Lymphoma အမျိုးအစားခွဲပေါင်း  80 ကျော်အထိရှိသော်လည်း  ကင်ဆာဆဲလ်ရဲ့ ပုံစံအပေါ်မူတည်ပြီး ယေဘုယျအားဖြင့် Hodgkin Lymphoma နဲ့ Non-Hodgkin Lymphoma ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။

(၄)ဘယ်အသက်အရွယ်တွေမှာ Lymphoma အဖြစ်အများဆုံးလဲ

Hodgkin Lymphoma သည် အရွယ်ရောက်ပြီး အသက် (၃၉)နှစ် အောက် အမျိုးသားများတွင် အဖြစ်များပြီး Non Hodgkin Lymphoma ဟာ အသက် (၆၀)အထက် သက်ကြီးရွယ်အိုများတွင် အဖြစ်များတာကို တွေ့ရပါတယ်။

(၅)Lymphoma ရဲ့ရောဂါလက္ခဏာ‌တွေက ဘာတွေလဲ

Hodgkin Lymphoma ရဲ့ရောဂာလက္ခဏာတွေဟာဆိုရင်

  • မကြာခဏဖျားခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • လည်ပင်း၊ချိုင်း၊ပေါင်ခြံတို့တွင် အကျိတ်များထွက်ခြင်း
  • ညဖက်ချွေးပြန်ခြင်း
  • အစားအသောက် ပျက်ခြင်း စတာတွေ ဖြစ်ပြီး

Non-Hodgkin Lymphoma ရဲ့ရောဂါ လက္ခဏာတွေကတော့

  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ချောင်းဆိုးခြင်း၊အသက်ရှူရာတွင် ခက်ခဲခြင်း
  • ဝမ်းချုပ်ခြင်း၊ဝမ်းဗိုက်အောင့်ခြင်း
  • အစားမစားလိုခြင်း၊မအီမသာဖြစ်ခြင်း
  • အော့အန်ခြင်း၊ခေါင်းကိုက်ခြင်း စတာတွေပဲဖြစ်ပါတယ်။

(၆)ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါလက္ခဏာများ လျော့နည်းသွားခြင်းမရှိပဲ အချိန်ကြာမြင့်စွာ ဆက်တိုက်ဖြစ်ပေါ်နေပါက နီးစပ်ရာ ဆေးရုံဆေးခန်းများကို သွားရောက်ပြီး စစ်ဆေးကူမှုခံယူသင့်နေပြီပဲ ဖြစ်ပါတယ်။

(၇)ဘယ်လိုနည်းလမ်းတွေနဲ့  ပြန်ရည်ကျိတ်ကင်ဆာကို စစ်ဆေးနိုင်သလဲ

ပြန်ရည်ကျိတ်ကင်ဆာကို ဆေးစစ်ခြင်း၊သွေးစစ်ခြင်း၊ပြန်ရည်ဖုမှ အသားစထုတ်ယူ စစ်ဆေးခြင်း၊ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်း တို့အပြင် X-Ray ဓာတ်မှန်(PET)ရိုက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးလို့ရပါတယ်။

(၈)ပြန်ရည်ကျိတ် ကင်ဆာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ

ပြန်ရည်ကျိတ်ကင်ဆာ ကုသရာမှာ အမျိုးအစားနှင့် ပျံ့နှံ့မှုပေါ်မူတည်ပြီး ကုသမှုပုံစံအမျိုးမျိုးရှိပါတယ်။သို့ရာတွင် ယေဘူယျအားဖြင့် ဓာတြဆေးပြားများ သောက်သုံးခြင်း(သို့)ကင်ဆာဆေးသွင်းကုသခြင်း[Chemotherapy]၊ဓာတ်ရောင်ခြည် ကုထုံးဖြင့် ဓာတ်ကင်ကုသခြင်း[Radiotherapy]၊ကင်ဆာဆဲလ်ကို တိုက်ရိုက်သက်ရောက်စေသောဆေးဖြင့် ခုခံအားသုံးကုသခြင်း[Biological therapy or Immunotherapy]၊ရိုးတွင်းချဉ်ဆီအစားထိုး ကုသခြင်း [Bone marrow transplantation]စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်မှာပဲ ဖြစ်ပါတယ်။

ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) အတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် ဆေးကုသမှု ခံယူလိုပါက လူကြီးမင်းတို့ လိုအပ်သမျှကို One-Stop Service. နဲ့ ဝန်ဆောင်မှုပေးနေတဲ့ Mandalay Medical Service ကိုသာ သတိရလိုက်ပါရှင်