Hotline: +95 9 752 818542 (MDY), +95 9 943 218542 (YGN)

သတိပြုဖွယ် ရင်သားကင်ဆာ အန္တရာယ်

သတိပြုဖွယ် ရင်သားကင်ဆာ အန္တရာယ်

ရင်သားကင်ဆာသည် စတင်ဖြစ်ပွားချိန်တွင် မည်သည့် လက္ခဏာကိုမှ သိသာထင်ရှားစွာ ခံစားရခြင်း မရှိပေ။ထို့အပြင် အချို့သော အမျိုးသမီးများမှာသာ ရောဂါလက္ခဏာ ပြတတ်ပြီး အများစုမှာ မည်သည့်လက္ခဏာကိုမှ မခံစားရခြင်းကြောင့် ရင်သားကင်ဆာ အန္တရာယ်ကို ပေါ့ဆစွာနေမိကြပေသည်။

ရင်သားကင်ဆာသည် ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပြီး ကြိုတင်ကာကွယ်ထားသင့်သည့် ရောဂါ တစ်ခုလဲ ဖြစ်သည်။ထို့ကြောင့် အမျိုးသမီးတိုင်းသည် အသက် (၄၀) နှင့်အထက်မှ စတင်၍ ရင်သားကင်ဆာ လက္ခဏာကို ပုံမှန်စစ်ဆေးသင့်ပေသည်။

ရင်သားကင်ဆာ စတင်ဖြစ်ပွားချိန်တွင် တွေ့ရသော ပုံမှန်လက္ခဏာများမှာ-

(၁) ရင်သား (သို့မဟုတ်) ချိုင်းအောက်တွင် အဖုအကြိတ် အလုံးတွေ့ခြင်း

(၂) ရင်သား တဆစ်ဆစ်နာကျင်ခြင်း

(၃) နို့သီးခေါင်း ပုံပျက်ခြင်း (သို့မဟုတ်) အနီးတဝိုက်တွင် လိမ္မော်သီးခွံကဲ့သို့ အရေပြားထူထဲလာခြင်း

(၄) နို့သီးခေါင်းမှ ပုံမှန်မဟုတ်သော အရည်များထွက်ခြင်း

(၅) နို့သီးခေါင်းတစ်ဝိုက်တွင် အနီကွက်များဖြစ်ပေါ်ခြင်း တို့ ဖြစ်ပြီး 

ရောဂါအခြေအနေ ပြင်းထန်လာပါက-

(၁)ရင်ညွန့်ရိုးများ နာကျင်လာခြင်း

(၂)ကိုယ်အလေးချိန်ကျခြင်း

(၃)အရေပြားအရောင်‌မညီညာခြင်း နှင့်

(၄)ခြေလက်များရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။

ယနေ့ကာလတွင် ရင်သားကင်ဆာ ကို ပုံရိပ်ဖော်နည်းပညာဖြင့်ကြိုတင်စစ်ဆေးနိုင်ပြီး ရောဂါကို စောစီးစွာ ရှာဖွေနိုင်ပါက ကုသမှု အောင်မြင်နိုင်ချေလဲ မြင့်မားပါသည်။သာမန် အားဖြင့် အသက်(၄၀)ကျော် အမျိုးသမီးများသည် တစ်နှစ်တစ်ကြိမ် ရင်သားဓာတ်မှန်ရိုက်ကာ စစ်ဆေးသင့်ပေသည်။

ရင်သားကင်ဆာ စစ်ဆေးမှုကို ဘန်ကောက်ရှိ နာမည်ကျော်ဆေးရုံကြီးများကို သွားရောက်ကုသလိုပါက လူကြီးမင်းတို့ လိုအပ်သမျှကို One-Stop Service နဲ့ ဝန်ဆောင်မှုပေးနေတဲ့ Mandalay Medical Service ကိုသာ သတိရလိုက်ပါရှင့်